ရန်အောင်ကျော် ပြောလိုက်တဲ့.....

မနက်ဖြန်ပွဲက သေရေးရှင်ရေးပဲ ဆိုတဲ့ ရန်အောင်ကျော်
________________________________

မြန်မာအသင်းအနေနဲ့ ၄၈ နှစ်ကျော်ကြာ ဝေးကွာနေရတဲ့ အာရှဖလားဝင်ခွင့်မျှော်လင့်ချက်အတွက် မနက်ဖြန်ပွဲမှာ အနိုင်ရဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
၂၀၁၉ အာရှဖလား ခြေစစ်ပွဲအတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ရန်အောင်ကျော်က မနက်ဖြန်ကစားမယ့် ကာဂျစ်အသင်းနဲ့ ပွဲဟာ နှစ်သင်းစလုံးအတွက် သေရေးရှင်ရေးပါပဲလို့ ထုတ်ဖော်ပြောလိုက်ပါတယ်။
မြန်မာအသင်းအနေနဲ့ ၄၈ နှစ်ကျော်ကြာ ဝေးကွာနေရတဲ့ အာရှဖလားဝင်ခွင့်မျှော်လင့်ချက်အတွက် မနက်ဖြန်ပွဲမှာ အနိုင်ရဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
"ခြေစစ်ပွဲအောင်ဖို့ဆိုရင် မနက်ဖြန်ပွဲကို အနိုင်ရထားမှ ဖြစ်မှာပါ။သူတို့အနေနဲ့လည်း အနိုင်ရဖို့ အရေးကြီးနေတာကြောင့် ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။သေချာပါတယ်။ မနက်ဖြန်ပွဲဟာ ကျွန်တော်တို့အတွက် သေရေး ရှင်ရေး ပါပဲ"လို့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရန်အောင်ကျော်က ယနေ့ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
မန်မာအသင်းနဲ့ ကာဂျစ်အသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအသင်းက ဂျာစီအနီရောင် ၀တ်ဆင်ကစားသွားမယ်လို့လည်း သိရပါတယ်။

Credit & Thanks To: Duwun Sports

 

Following Facebook: M Football Star

Comments

Popular Posts