ကျော်ကိုကို ရဲ့ ကြံ့ခိုင်မှုကို ဂတ်ဆီဇီ ချီးကျူး
ကျော်ကိုကိုရဲ့ကြံ့ခိုင်မှုကို ဂတ်ဆီဇီ ချီးကျူး
_________________________________
မြန်မာအသင်းမှာ လာမယ့် ၁၀ ရက်နေ့မှာ ကာဂျစ်အသင်းနဲ့ ၂၀၁၉ အာရှဖလားခြေစစ်ပွဲအဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာကစားမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ကျော်ကိုကိုရဲ့ ကြံ့ခိုင်မှုအနေအထားအပေါ် နည်းပြချုပ် ဂတ်ဆီဇီက ချီးကျူးပြောကြားခဲ့ပါတယ်။
မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲအပြီးတွင် ဂတ်ဆီဇီက ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။
"ကျော်ကိုကိုက ကြံ့ခိုင်မှု အင်တန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။သူ့ရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းတဲ့ နေရာမှာတော့ ဘယ်ကစားသမားမှ မီမယ်မထင်ပါဘူး။အရမ်းကို ချီးကျူးပါတယ်။"လို့ ဂတ်ဆီဇီက ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။
ကျော်ကိုကိုအနေနဲ့ ထိုင်းအသင်းနဲ့ ခြေမ်းပွဲမှာ သွင်းဂိုးမရရှိခဲ့ပေမယ့်လည်း ထိုင်းနောက်တန်းကို အလုပ်ရှုပ်စေခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
၂၀၁၆ ဆူဇူကီးဖလား မတိုင်မီက နည်းပြ ဂတ်ဆီဇီအနေနဲ့ ၎င်းကို ပြစ်ဒဏ်အချို့ ချမှတ်ခဲ့မှုကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရသူဖြစ်ပေမယ့်လည်း ယခုအချိန်မှာတော့ လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံထားရပြီး မြန်မာအသင်းအတွက်အားထားရတဲ့ တိုက်စစ်မှူးအဖြစ် ကစားလျက်ရှိနေပါတယ်။

Photo: MFF
Credit: thanks to- Duwun Sprts
Facebook: M Football Star
Comments