မြန်မာအားကစား သတင်းများ
ကာဂျစ္စတန်လက်ရွေးစင်အသင်း အောက်တိုဘာ ( ၈ ) ရက် ရောက်ရှိမည်.......
_______________________________________
ကာဂျစ္စတန်လက်ရွေးစင်အသင်း သည် မြန်မာ လက်ရွေးစင် အသင်း နှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်မြို့သို့
ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်....ကာဂျစ္စတန် အသင်းတွင် အုပ်ချုပ်သူ - နည်းပြအဖွဲ့ဝင် နှင့် ကစားသမား စုစုပေါင်း ( ၃၀ )ကျော်လိုက်ပါလာမည်ဖြစ်
ပြီး နှစ်ရက် ကြိုတင်လာရောက်ခြင်ဖြစ်သည်..ကာဂျစ္စတန် အသင်းသည် လက်ရှီဝင်ရောက် ယှဉ်ပြိုင်နေသည့်၂၀၁၉
အာရှဖလားခြေစစ်ပွဲ တွင် ဒုတိယမြောက် အဝေးကွင်း
ပွဲစဉ် ယှဉ်ပြိုင်ရခြင်ဖြစ်ပြီး အိန္ဒိယ အသင်းနှင့် ယှဉ်ပြိုင်
ခဲ့ရာ ( ၁-၀ ) ဂိုးဖြင့် ရှုံးနိမ့်ထားသည်..ကာဂျစ္စတန်
အသင်းသည် နှစ်ပွဲကစားရာတွင် တစ်ပွဲနိုင် တစ်ပွဲ ရှုံး
သုံးမှတ်ရရှိထားကြောင်းသိရသည်....
မြန်မာ-ကာဂျစ္စတန် ခြေစစ်ပွဲလက်မှတ်များ ကြိုတင်ရောင်းချရန် MFF စီစဉ်
_____________________________________
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် MFF သည်
အောက်တိုဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပမည့်
မြန်မာအသင်း နှင့် ကာဂျစ္စတန် အသင်း တို၏ အာရှဖလားခြေစစ်ပွဲ လက်မှတ်များ အာ ကြိုတင်ရောင်းချ
ရန်စီစဉ်နေကြောင်း သိရသည်....MFF သည် ကြိုတင်
လက်မှတ်ရောင်းချမည့် အစီအစဉ် များနှင့် နေရာကို
ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ယခုရက်ပိုင်အတွင်း စတင်
ရောင်းချမည်ဖြစ်သည်..ယင်းခြေစစ်ပွဲ အတွက် ဝင်းကြေးအဖြစ် သုံးမျိုးသတ်မှတ်ထားပြီး... အထူးတန်း
၃၀၀၀ ၊ ရိုးရိုးတန်း ၂၀၀၀ ၊ ၁၀၀၀ သတ်မှတ်ထားသည်
MFF သည် ပွဲကစားမည့် အောက်တိုဘာ ၁၀ ရက်တွင်လည်း လက်မှတ်များထပ်မံရောင်းချရန် စီစဉ် ထားကြောင်း သိရသည်...

Facebook: M Football Star

Comments