အသင်းဖော်နှင့် တိုက်မိပြီး အင်ဒိုနီးရှား ပရီဆယ်လာကလပ် ဂိုးသမား သေဆုံး
_____________________________________
---------------------------------

အင်ဒိုနီးရှား ထိပ်တန်းလိဂ်အသင်း ပရီဆယ်လာကလပ် ဂိုးသမား ကွိုင်ရို ဟူဒါဟာ ပြိုင်ပွဲမှာပဲ အသင်းဖော်နဲ့ မတော်တဆ တိုက်မိရာကနေ သေဆုံးခဲ့ပါတယ်။ဂိုးသမား ဟူဒါဟာ ရင်ဘတ်နဲ့ အောက်မေးရိုး ထိခိုက်မှုဖြစ်ခဲ့တယ်လို့ အသင်းဆရာဝန် ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။
အသက် ၃၈ နှစ်အရွယ် ဂိုးသမားဟာ ထိခိုက်မှုကြောင့် အောက်တိုဘာ ၁၅ ရက်နေ့က ဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။
ဆေးရုံက ဆရာဝန်တွေကတော့ ဂိုးသမား ဟူဒါဟာ ထိခိုက်မိတဲ့အတွက် အသက်ရှူတာ ရပ်သွားခဲ့တယ်လို့လည်း ဆိုထားပါတယ်။သူ ဒဏ်ရာရသွားပေမယ့်လည်း ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဟူဒါရဲ့ ပရီဆယ်လာကလပ်အသင်းက ပြိုင်ဘက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ဂိုးသမား ဟူဒါ သေဆုံးမှုအတွက် ဂုဏ်ပြုဖို့ ထောင်နဲ့ချီတဲ့ ပရီဆယ်လာ ပရိသတ်တွေ တက်ရောက်ခဲ့ပါတယ်။
ဂိုးသမား ဟူဒါဟာ ပရီဆယ်လာအသင်းမှာ
ပွဲပေါင်း ၅၀၀ ကျော် ကစားပေးထားပါတယ်။}

Credit Thanks To:,DVBTS #M Football S




Photo: DVB,IFF
Following Facebook:M Football S

Comments

Popular Posts