ခြေစွမ်းပိုင်း အားမရပေမယ့် ကမ္ဘောဒီးယားကို အနိုင်ကစားနိုင်တယ်လို့ ဦးချစ်နိုင်ပြောကြား
__________________________________________________________

မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့သည် မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှ ယူ၁၉ ခြေစစ်ပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း မိမိအသင်းရဲ့ ခြေစွမ်းကို ကျေနပ်အားရခြင်း မရှိသေးဘူးလို့ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းရဲ့ နည်းပြချုပ် ဦးချစ်နိုင်ကသုံးသပ်ပြောကြားခဲ့ပါတယ်။
မြန်မာ ယူ-၁၉ နည်းပြချုပ် ဦးချစ်နိုင်
" ပထမပိုင်း (၁၅)မိနစ်လောက်ထိ ကျွန်တော်တို့ ကစားသမားတွေ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ပွဲဦးထွက်လည်း ဖြစ်ပါတယ်။ အဖွင့်ဂိုးတွေ ရသွားပြီးမှာတော့ သူတို့ ယုံကြည်မှု ရှိလာပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကစားလာနိုင်ပါတယ်။ ဒုတိယပိုင်းကတော့ ပိုပြီးကောင်းပါတယ်။ ဒီခြေစွမ်းနဲ့တော့ သိပ်အားမရနိုင်သေးပါဘူး။ ခြေစစ်ပွဲအောင်ဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်သေးဘူး။ ဒုတိယပွဲ ကမ္ဘောဒီးယားအသင်းနဲ့ ပွဲကိုလည်း အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒီယုံကြည်ချက်တွေကြောင့်ပဲ ကျွန်တော်တို့ အသင်းဒီကိုလာပြိုင်တာပါ။ အသင်းတိုင်းကို လေးစားမှုနဲ့ ကစားပါတယ်။ ဘယ်အသင်းကိုမှ အထင်လည်းမကြီးပါဘူး အထင်လည်း မသေးဘူး။" လို့ ဦးချစ်နိုင်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
မြန်မာ ၆-၀ ဖိလစ်ပိုင် ပွဲမြင်ကွင်း။
မြန်မာအသင်းအနေနဲ့ ဖိလစ်ပိုင်အသင်းကို ဂိုးပြတ်နိုင်ခဲ့တာကြောင့် ခြေစစ်ပွဲ တစ်ပွဲကစားအပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေပါတယ်။
ဖိလစ်ပိုင်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အဖွင့်လှခဲ့တဲ့ မြန်မာ ယူ-၁၉ ယခုယှဉ်ပြိုင်ကစားနေကြတဲ့ ခြေစစ်ပွဲစဉ်များတွင် အာဖဂန်နစ္စတန်အသင်းက နှုတ်ထွက်သွားတာကြောင့် အုပ်စု အောက်ဆုံးမှာ ရပ်တည်နေတဲ့အသင်းနဲ့တွေ့ဆုံမှုကို ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
အာဖဂန်နစ္စတန်အသင်း နှုတ်ထွက်သွားသဖြင့် အာရှဘောလုံးအဖွဲ့ချုပ်က အုပ်စုအောက်ဆုံးမှ အသင်းနဲ့ တွေ့ဆုံမှုကို ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ခဲ့တာကြောင့် မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲအောင်လိုပါက ကမ္ဘောဒီးယားအသင်းကို မဖြစ်မနေအနိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့သည် မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Credit Thanks To: Duwun Sports


Photo: MFF
Following Facebook: M Football S

Comments

Popular Posts