တောင်ကိုရီးယားမှာ မည်သည့်ခြေစမ်းပွဲမှ ကစားဖို့ မရှိခဲ့ဘူးလို့ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထုတ်ဖော်ပြော

တောင်ကိုရီးယားမှာ မည်သည့်ခြေစမ်းပွဲမှ ကစားဖို့ မရှိခဲ့ဘူးလို့ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထုတ်ဖော်ပြော
------------------------------------------------------------

အောင်သူနဲ့ ကျော်ကိုကိုတို့ ယနေ့ မတ်လ ၁၉ ရက်နေ့မှာ အသင်းနဲ့ လာရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။

ကာဂျစ်အသင်းနဲ့ ၂၀၁၉ အာရှဖလားခြေစစ်ပွဲကစားဖို့ ပြင်ဆင်ထားတဲ့ မြန်မာအသင်းအနေနဲ့ တောင်ကိုရီးယားနိုင်ငံကို မတ်လ ၁၅ ရက်နေ့ ကတည်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ် မြန်မာအသင်းအနေနဲ့ ပုံမှန်ဆိုရင် ပွဲမစတင်ခင် ၂ ရက်အလိုမှာ ရောက်ရမှာ ဖြစ်ပေမယ့်လည်း ယခုလို တစ်ပတ်ကြို သွားရောက်ရခြင်းမှာ ရာသီ ဥတုဒဏ်ကို အသားကျစေရန်ဖြစ်တယ်လို့ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောခဲ့ပါတယ်။ဒါပေမယ့်လည်း ယခုအခါ ခြေစမ်းပွဲကစားဖို့ ပျက်ပြယ်ခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အခုလို ရှင်းလင်းပြောခဲ့ပါတယ်။ "ကျွန်တော့်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲ ကစားဖို့ ရှိတယ်ဆိုရင် ဆောင်ရွက်ပေးရမယ့် အပိုင်းတွေ အများကြီးရှိပါတယ်။ဒါပေ မယ့် အခု သွားတဲ့ တောင်ကိုရီးယားမှာ ခြေစမ်းပွဲ ကစားမယ်လို့ ကျွန်တာ် လုံးဝသိထားခြင်းမရှိပါဘူး။ဒေသခံ အသင်းတစ်သင်းသင်းနဲ့လည်း ကစားဖို့ ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ တစ်ကယ်လို့ ကစားမယ်ဆိုရင် ကျွန်တော့်အနေနဲ့ တစ်ဖက်အသင်းက အတွင်းရေးမှူး ကို ချိတ်ဆက်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိနေပါတယ်။အခု ကျွန်တော့်မှာ ဘာတာဝန်မှ မရှိနေတော့ ဒါက ကောလဟာလသက်သက်သာ ဖြစ်ပါမယ်။သေချာတာကတော့ ကျွန်တော့်တို့အနေနဲ့ ခြေစမ်းပွဲကစားဖို့ လုံးဝ မရှိခဲ့ပါဘူး။" လို့ ဦးကိုကိုသိန်းက DuwunSprotsကိုရှင်းလင်းပြော ခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့ အပြီးသတ်ကစားသမား ၂၃ ဦးနဲ့အတူ တောင်ကိုရီးယားကိုနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ကာ ထိုင်းလိဂ်မှာ ကစားနေတဲ့ ကျော်ကိုကိုနဲ့အောင်သူမှာလည်း ယနေ့ မတ် ၁၉ ရက်နေ့မှာ တောင်ကိုရီးယားကို လာရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။မြန်မာအသင်းနဲ့ ကာဂျစ်အသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်ကို မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ကစား သွားစေမှာ ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနဲ့ For Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုကပြသသွားမယ်လို့ သိထားရပါတယ်။

Credit thanks to:Duwun Sports
photo: MFF
M FOOTBALL SPORTS 

Comments

Popular Posts