မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း မတ်လ ၅ ရက်မှစ၍ လေ့ကျင့်
________________________________________________________________
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၁၈ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မတ် ၅ ရက်မှစ၍ စခန်းဝင်လေ့ကျင့်လျက်ရှိကြောင်း သိရသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၃၂ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးခင်မောင်ထွေး၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်း တို့က တာဝန်ယူကိုင်တွယ်လျက်ရှိသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် လက်ရှိတွင် ပဏာမကစားသမား ၃၂ ဦးရွေးချယ်ထားသော်လည်း ၃၁ ဦးဖြင့်သာ စခန်းဝင်လေ့ကျင့်နေသည် ပဏာမစာရင်းတွင် ရွေးချယ်ခံထားရသည် နောက်ခံလူ ဇွန်ယုယဦး သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးမှသာ အသင်းနှင့်လာရောက်ပူးပေါင်းနိုင်မည်ဖြစ်ကြောင်းသိရသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၈ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု( ခ)တွင် ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ အသင်းတို့နှင်အတူ ကျရောက်နေပြီး တဖတ်အုပ်စု ( က ) တွင် လက်ရှိချန်ပီယံ ထိုင်း ၊ သြစတြေးလျ ၊ မလေးရှား ၊ တီမော ၊ ကမ္ဘောဒီးယား အသင်းတို့ ပါဝင်ကာ အင်ဒိုနီးရှား နိုင်ငံက ဇွန်လအတွင်း လက်ခံကျင်းပမည်
ဖြစ်သည်
__________________________________
Daily Eleven ဂျာနယ် ကနေကူးယူ ရေးသားဖော်ပြလိုက်ပါသည် .....အားကစားပရိတ်သတ်များ
M Football Sports
mfootballsports.news

Comments