2018 ဆူဇူကီးပြိုင်ပွဲ အုပ်စုခွဲဝေရန် ဆီဒင်သတ်မှတ်ရာတွင် မြန်မာ့လက်ရွေးစင်အသင်း ဆီဒင် ( ၃ ) အုစု၌ ပါဝင်
2018 ဆူဇူကီးပြိုင်ပွဲ အုပ်စုခွဲဝေရန် ဆီဒင်သတ်မှတ်ရာတွင် မြန်မာ့လက်ရွေးစင်အသင်း
ဆီဒင် ( ၃ ) အုစု၌ ပါဝင်
----------------------------------------------------------

အာဆီယံဘောလုံးအဖွဲ့ချုပ် ( AFF ) သည် ၂၀၁၈ အာဆီယံဆူဇူကီးပြိုင်ပွဲအတွက် ဆီဒင်
သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး
မြန်မာအသင်း ဆီဒင် ၃ အုပ်စု၍ ပါဝင်ကြောင်းသိရသည်.... AFF သည် 2018 ဆူဇူကီးပြိုင်ပွဲ
ကို ပြိုင်ပွဲပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီ အုပ်စုပွဲများ
အား အိမ်ရှင်နိုင်ငံများမရွေးချယ်ဘဲ အိမ်ကွင်း
အဝေးကွင်း ပုံစံဖြင့်ကစားမည်ဖြစ်သည် AFF
သည် ဆီဒင်သတ်မှတ်ချက်များ.ထုတ်ပြန်ရာတွင်
2016 နှင့် 2017 ခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့်
ပြိုင်ပွဲများမှ ရလဒ်အပေါ်မှုတည်၍ ထုတ်ပြန်ခဲ့
ခြင်းဖြစ်သည် ဆီဒင် 1 တွင် ထိုင်း၊ဗီယက်နမ်၊
ဆီဒင် 2 တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဆီဒင်
3 တွင် ဖိလစ်ပိုင် ၊ မြန်မာ ၊ ဆီဒင် 4 တွင် စင်္ကာပူ ၊ကမ္ဘောဒီးယား ၊ ဆီဒင် 5 တွင် လာအို နှင့်
ခြေစစ်ပွဲအောင် အသင်း တို့ သတ်မှတ်ခံရသည်
ခြေစစ်ပွဲအဖြစ် တီမော နှင့် ဘရူနိုင်း တို့
အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်
ရမည်ဖြစ်ပြီး ယခင်ပြိုင်ပွဲကဲ့များသို့ အုပ်စုပွဲများ
အား အိမ်ရှင်နိုင်ငံ မရွေးချယ်ဘဲ ပြိုင်ပွဲဝင်
အသင်းတသင်းအနေဖြင့် အုပ်စု ၄ ပွဲအား
အိမ်ကွင်း ၂ ပွဲ ၊ အဝေးကွင်း ၂ ပွဲ ၊ ယှဉ်ပြိုင်
ရမည်ဖြစ်သည် ပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်မှ
ဒီဇင်ဘာလ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီ
ခြေစစ်ပွဲကိုမှု စက်တင်ဘာလ ၁ ရက် ၈ ရက်
တွင် အိမ်ကွင်း ၊ အဝေးကွင်း ကျင်းပမည်ဖြစ်
ကြောင်းသိရသည် ..ဆီမီးဖိုင်နယ် နှင့် ဗိုလ်လုပွဲ
မှု ပြီးခဲ့သည့် နစ်များအတိုင် အိမ်ကွင်း ၊ အဝေး
ကွင်း.နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်
အုပ်စုမဲခွဲပွဲအခမ်းအနားကို မေ ၂ ရက်နေ့တွင်
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီ မူလက
မေလ ၁ ရက်နေ့ ကျင်းပရန်စီစဉ်ထားသော်
လည်း ၁ ရက်နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်
ယင်းမဲခွဲပွဲ အခမ်းအနား ကို AFF အဖွဲ့ဝင် နိုင်ငံ
တကားဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူနှင့်
လက်ရွေးစင်နည်းပြချုပ်များ တတ်ရောက်မည်
ဖြစ်ကြောင်းသိရသည်.....

Journal ကကူးယူရေးသာဖော်ပြပေးလိုက်ပါသည်
M Football Sports
Comments