မြဝတီအသင်း နှင့် အိန္ဒိယတပ်မတော်အသင်း အိန္ဒိယ၌ ခြေစမ်းမည်......
--------------------------------------------------------------------------------------------
MNL ကလပ်မြဝတီအသင်းသည် အိန္ဒိယနိုင်ငံကိုသွားရောက့၍ အိန္ဒိယတပ်မတော်အသင်း နှင့် ခြေစမ်းကစားရန်စီနေကြောင်းသိရသည်. မြဝတီအသင်းသည် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်
အတွင်း အိန္ဒိယတပ်မတော်အသင်း နှင့် ခြေစမ်းပွဲတွင် တစ်ပွဲ (သို့မဟုတ်) နှစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်နေကြောင်းသိရသည်.. ထို့ကြောင့်
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မြဝတီအသင်း ၏ MNL ပွဲစဉ် နှစ်ပွဲကို ရက်ရွှေ့ဆိုင်းပေးထားကြောင်း သိရသည်.မြဝတီ အသင်းသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ကိုင်းယူနိုက်တတ် နှင့် MNL ပွဲစဉ် (၇) ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်ပွဲကို မတ် ၁၁ ရက်သို့လည်းကောင်း ၊မတ် ၄ ရက်တွင် ဧရာဝတီယူနိုက်တတ်အသင်း နှင့် ယှဉ်ပြိုင် ကစားရမည့် ပွဲစဉ် (၈)ကို မတ် ၇ ရက်သို့
လည်းကောင်း ရွှေ့ဆိုင်းကစားသွားမည်ဖြစ်သည်
မြဝတီအသင်း သည် MNL ပွဲစဉ် ၆ အပြီးအထိ နိုင်ပွဲမရသေးဘဲ နှစ်ပွဲ သရေ ၊ လေးပွဲရှုံး၊ ရမှတ် ၂ မှတ်ဖြင့် အမှတ်ဇယားအောက်ဆုံးနေရာ၌ ရပ်တည်နေသည်..သိုသော် မြဝတီအသင်း သည်MNL အသငိးကြီးများဖြစ်သည့် ရတနာပုံအသင်း ကို
၂-၂ ဂိုး ၊ မကွေးအသင်းကို ၀-၀ ဂိုးရလဒ်များရရှိအောင်ကစားထာသည်..မြဝတီအသင်းသည် ယခုရာသီတွင် ပထမဆုံးတန်တတ်ခွင့်ရထားခြင်းဖြစ်သည်...

Comments