ရန်ကုန်ယူနိုက်တက်အသင်းမှာထွန်းတောက်လာတဲ့လူငယ်တိုက်စစ်မှုးအီစိုး

___________________________________________________________________


ဦးကြည်လွင်ဦးဆောင်တဲ့ ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်မြန်မာယူ၂၁အသင်းမှာရွေးချယ်ခံရပြီး အီစိုးကိုပရိသတ်တွေသတိထားမိလာပါတယ်။မြန်မာယူ၂၁အသင်းရဲ့ ကျောနံပါတ်(၁၀)တိုက်စစ်မှုးလေးအီစိုးက ထိုင်း၊ဗီယက်နမ်တို့ ကိုဂိုးတွေသွင်းကာမြန်မာဘောလုံးပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေစတင်ရယူခဲ့ပါတော့တယ်။
ထိုပြိုင်ပွဲမှာ အီစိုးပါဝင်တဲ့ မြန်မာအသင်းဟာ ထိုင်းကိုအနိုင်ယူကာ တတိယနေရာ ရယူနိုင်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်လူငယ်အသင်းရဲ့ ကစားသမား အီစိုးကိုဒီနှစ်ဘောလုံးရာသီမှာရန်ကုန်အသင်းကြီးကခေါ်ယူခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက်နဲ့ အဝေးကွင်းသွားရောက်ကစားရသောပွဲစဉ်မှာအီစိုးဟာ ရန်ကုန်ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ပွဲထွက်ခွင့် ရတဲ့ အချိန်တိုင်းအကောင်းဆုံးကြိုးစားခဲ့ တဲ့ အီစိုးဟာ ပြီးခဲ့တဲ့ အပတ်က GFAနဲ့ ပွဲမှာရန်ကုန်အတွက်သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယခုအချိန်မှာ အီစိုးဟာရန်ကုန်ယူနိုက်တက်နည်းပြဦးမျိုးမင်းထွန်းရဲ့ ယုံကြည်မှုကိုရရှိနေပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်သားတိုက်စစ်မှုးလေးအီစိုးရဲ့ ငယ်ဘ၀မှာ ဖခင်ဖြစ်သူရဲ့ အားပေးမှုက အဓိက ကျခဲ့ပါတယ်။“ကျွန်တော်(၈)နှစ်သားလောက်မှာ ကျောင်းပွဲတွေစကစားဖြစ်တယ်။ အဲ့လိုကျောင်းပွဲတွေစကစားရမယ်ဆိုတာအဖေသိတော့အဖေကကျွန်တော့် ကိုသူပင်ပင်ပန်းပန်းရှာထားတဲ့ ငွေတွေနဲ့ ဘောလုံးကန်ဖိနပ်ဝယ်ပေးခဲ့တယ်။ အဖေ၀ယ်ပေးတဲ့ ဘောလုံးကန်ဖိနပ်လေးဟာဘောလုံးသမားတစ်ယောက်ဖြစ်ချင်တဲ့ကျွန်တော့်အိမ်မက်အတွက်အကြီးမားဆုံးသောခွန်အားဖြစ်စေခဲ့ပါတယ်။ကျွန်တော်အသက်(၁၂)နှစ်အရွယ်လောက်မှာ အဖေကနိုင်ငံခြားဘောလုံးပွဲရုံကိုခေါ်သွားပြီးဘောလုံးပွဲတွေကျွန်တော့်ကိုပြတယ်။ အဲဒီနောက်ပိုင်းကျွန်တော်ဘောလုံးပွဲတွေကြည့် ဖြစ်လာတယ်၊ဘောလုံးကစားရတာပိုပြီးနှစ်သက်လာတယ်။ကျောင်းလက်ရွေးစင်ဖြစ်လာတယ်။ကျောင်းလက်ရွေးစင်ဖြစ်ပြီးနောက်မှာတော့ ငါဘောလုံးသမားဖြစ်ကိုဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချချခဲ့ပါတယ်”ဆိုပြီးအီစိုးကသူ့ ဘ၀ရဲ့ ငယ်ဘ၀အိမ်မက်မှာဖခင်ရဲ့ အရေးပါခဲ့မှုကိုပြောပြပါတယ်။သူ့ ရဲ့ ငယ်ဘ၀ကအကြိုက်ဆုံးဘောလုံးသမားဟာရော်နယ်ဒင်ဟိုနဲ့ စီရော်နယ်ဒိုဖြစ်ခဲ့တယ်လို့ အီစိုးကပြောပါတယ်။“ကျွန်တော်ငယ်ငယ်တုန်းကညီအကိုတွေနဲ့ ရပ်ကွက်ထဲမှာဘောလုံးပွဲရုံအသစ်ဖွင့် တော့ သွားကြည့် ကြတော့ ဘောလုံးပွဲရုံမှာဘာစီလိုနာပွဲပြတယ်ဗျ။ ကျွန်တော်သတိထားမိတာကဘာစီလိုနာကနံပါတ်(၁၀)ကစားသမားရော်နယ်ဒင်ဟိုပါပဲ၊အိမ်ပြန်ရောက်တော့ အဖေ့ကိုရော်နယ်ဒင်ဟိုကစားတာအရမ်းကြိုက်ကြောင်းပြောပြဖြစ်တယ်။နောက်ရက်ကျတော့ အဖေကရော်နယ်ဒင်ဟိုရဲ့  Highlights and Skills အခွေဝယ်လာပေးတယ်။အဲတုန်းကရော်နယ်ဒင်ဟိုကိုအကြိုက်ဆုံးပေါ့။တစ်ရက်ကျအဖေကပြောတယ်။ ငါမင်းကိုကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီးမန်ယူပွဲလိုက်ပြတယ်။ ဒုတိယပိုင်းမန်ယူကစားသမားလဲတော့ ရော်နယ်ဒိုဝင်လာတယ်။အဖေကငါမင်းကိုမိတ်ဆက်ပေးချင်တာသူပဲ။ သူကစားတာသေချာကြည့် လို့ ပြောတယ်။ ကျွန်တော်နောက်ပိုင်းစီရော်နယ်ဒိုဆော့ တာအရမ်းကြိုက်သွားပြီးမန်ယူပွဲတွေပဲကြည့် ဖြစ်တယ်။ရော်နယ်ဒိုကလည်းကျွန်တော့် ရဲ့ Idolတစ်ယောက်ဖြစ်လာပါတယ်”လို့ အီစိုးကသူ့ ရဲ့ ငယ်ဘ၀ကိုလွှမ်းမိုးခဲ့တဲ့ ကစားသမားနှစ်ယောက်အကြောင်းပြောပြပါတယ်။လက်ရှိကစားနေတဲ့MNLအပေါ်မှာလည်းအီစိုးအနေနဲကောင်းမွန်တဲ့ စိတ်ခံစားမှုရရှိနေပြီး MNLဟာအရင်ကထက်စာရင်အများကြီးတိုးတက်လာတယ်လို့ သူကထင်မြင်နေပါတယ်။ အောင်သူ၊ကျော်ကိုကိုတို့ ပြည်ပထွက်ကစားနေတာဟာ သူတို့ လိုလူငယ်ဘောလုံးသမားလေးတွေအတွက်ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာစေတယ်လို့ အီစိုးကပြောပါတယ်။“နိုင်ငံခြားကလပ်တွေကကိုယ့်နိုင်ငံ ကစားသမားတွေကိုခေါ်တယ်ဆိုတာ လက်ရှိပြည်တွင်းကစားသမားတွေအတွက်အထူးသဖြင့် တော့ လူငယ်ကစားသမားတွေအတွက်လမ်းခင်းပေးလိုက်သလိုပါပဲ”လို့ အီစိုးကပြောပါတယ်။အီစိုးအနေနဲ့အခွင့်အရေးရရင်MNLကနေတစ်ဆင့် ဥရောပ(သို့ မဟုတ်)အာရှကထိပ်သီးလိဂ်တွေမှာသွားရောက်ကစားချင်နေပါတယ်။“Top Leagueတွေမှာ ကစားဖို့ ဆိုတာကစားသမားတိုင်းရဲ့ အိမ်မက်ပါ။ ကျွန်တော့် အနေနဲ့ လည်းထိပ်သီးကလပ်တွေမှာကစားရမယ်ဆိုရင်Europeပဲဖြစ်ဖြစ်Asiaပဲဖြစ်ဖြစ်လက်မလွှတ်ချင်ပါဘူး။ နောက်တဆင့် ကိုတက်လှမ်းဖို့ ကြိုးစားသွားမှာပါ။ မဖြစ်နိုင်ပါဘူးဆိုပြီးကြိုးစားမှုတွေရပ်တန့် သွားမှာမဟုတ်ဘူးလို့ ”အီစိုးကသူ့ ရဲ့အနာဂတ်ရည်မှန်းချက်ကိုပြောပြပါတယ်။

Ref: Fox Sports Asia


M FOOTBALL SPORTS

Comments

Popular Posts