၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအသင်းအား ၃၂ ဦးဖြင့် ဖွဲ့စည်း
________________________________________________________________________


မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ၂၀၁၈ အာဆီယံအမျိုးသမီးချန်ယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၂ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်မြန်မာအမျိုးသမီအသင်း နည်းပြချူပ် ဦးဝင်သူမိုးသည် ပဏာမလူစာရင်းအပြင်နည်းပြအဖွဲ့ဝင်များ
ကိုထုတ်ပြန်ကြေညာခဲ့ပြီ ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲအထိ တာဝန်ယူခဲ့သည့် နည်းပြအဖွဲ့ဝင်များ ပါဝင်လာခြင်းမရှိတော့ဘဲ နည်းပြသစ်များဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်..မြန်မာ အမျိုးသမီး အသင်းသည် မတ် ၅ ရက်တွင်လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး KBZ Bank Women's League ပြိုင်ပွဲ မှ ခြေစွမ်းပြနိုင်သည့် ကစားသမားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်..မြန်မာအမျိုးသမီအသင်း သည် အနီးဆုံးပြိုင်ပွဲအဖြစ် ဇွန် ၂၁ ရက်မှ ဇူလိုင် ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရရှိရန် ကာလရှည် လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်..ယခု ဖွဲ့စည်း လိုက်သည့် မြန်မာအမျိုးသမီအသင်း တွင် ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင် ခဲ့သည့် ကစားသမားအများစု ပါဝင်လာပြီ
ဂိုးသမား မြဖူးငုံ နှင့် ကစားသမားဘဝ မှ အနားယူခဲ့သည့် ဝါရင့်ကစားသမား စန်းစန်းမော်တို့ ပါဝင်လာခြင်းမရှိတော့ကြောင်း သိရသည်..

Comments

Popular Posts