အင်တာမီလန်ယူ-၁၈ နဲ့ မြန်မာယူ-၁၈ ခြေစမ်းပွဲများကို MRTV Free To Air မှပြန်သရန် ဆွေးနွေးနေ
-----------------------------------------------------------
MRTV SPORT CHANNEL နဲ့ FOR SPORT CHANNEL တို့က ပြသဖို့တော့ သေချာသလောက်ရှိပါတယ်။
AFF U-18 Championship 2017 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းနဲ့ အင်တာမီလန် ယူ-၁၈ အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
မြန်မာ ယူ-၁၈ အသင်းအနေနဲ့ လက်ရှိအချိန်မှာ အနီးကပ်စခန်းသွင်းလေ့ကျင့်လျက်ရှိနေပြီး လာမယ့် သြဂုတ်လ ၁၁ ရက်နဲ့ ၁၃ ရက် နေ့တွေမှာ အင်တာမီလန် ယူ ၁၈ အသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ခြေစမ်းကစားမှာလည်း ဖြစ်ပါတယ်။
"လောလောဆယ်တော့ MRTV SPORT CHANNEL နဲ့ FOR SPORT CHANNEL တို့က ပြသဖို့တော့ သေချာသလောက်ရှိပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးနိုင်ဖို့ကိုတော့ ညှိုနှိုင်းနေဆဲပါပဲ။ ပြသနိုင်အောင်တော့ ကြိုးစားနေပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က Duwun Sports ကို ပြောကြားခဲ့ပါတယ်။
မူလက အဆိုပါခြေစမ်းပွဲ (၂) ပွဲ အနက် တစ်ပွဲကို မြန်မာ ယူ-၂၃ အသင်းနဲ့ ကစားဖို့ စီစဉ်ထားတာဖြစ်ပေမယ့်လည်း ဆီးဂိမ်းပြိုင်ပွဲ က စားရမယ့်နေ့နဲ့ လွန်စွာနီးကပ်နေတာကြောင့် ပဏာမ မြန်မာ ယူ-၁၈ အသင်းနှင့်သာ ခြေစမ်းပွဲ (၂) ပွဲလုံး ကစားဖြစ်ခဲ့ခြင်းလည်း ဖြစ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူ-၁၈ အသင်းအနေနဲ့ အင်တာမီလန် ယူ-၁၈ အသင်းနဲ့ ခြေစမ်းကစားပြီးပါက သြဂုတ်လ (၂၇)ရက်နေ့တွင် ထိုင်း ယူ-၁၉ အသင်းနဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ထပ်မံ ခြေစမ်းကစားသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိ အချိန်မှာတော့ ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ပြင်သစ်လူမျိုး မစ္စတာ ရာဘော့ရှ်ဘန်လာ ဘီက တာဝန်ယူကိုင်တွယ်နေတာဖြစ်ပြီး ဖီးနစ်(စ်)အသင်းအမည်နဲ့ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် (၂)ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ခဲ့သောအသင်းလည်း ဖြစ်ပါတယ်။
Credit Thanks To: Duwun Sports

Photo : MFF
Facebook Acc: ဘောလုံးစတား M Football Star https://www.facebook.com/profile.php?id=100016146270058
Comments