ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စုတွင်းအမှတ်တူးပါက နှစ်သင်းထိပ်တိုက် တွေ့ဆုံမူစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စုတွင်းအမှတ်တူးပါက နှစ်သင်းထိပ်တိုက် တွေ့ဆုံမူစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်
____________________________________







သြဂုတ်လ ၁၄ ရက်နေ့တွင် စတင်းကျင်းမည့် ( ၂၉ )ကြိမ်းမြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အုပ်စုအတွင်းများ အမှတ်တူပါက နှစ်သင်းထိပ်တိုက် တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံဖြတ်သွားမည်ကြောင်းသိရသည်.... ဆီးဂိမ်းစ် ပြိုင်ပွဲ မှာ အရှေ့တောင်အာရှဒေသတွင်းပြိုင်ပွဲဖြစ်သော်လည်း ပြိုင်ပွဲကျင်းပရေးကော်ပတီသည် အာရှဘောလုံးအဖွဲ့ချုပ် ( AFC ) ၏ ပြိုင်ပွဲကျင်းပပုံ စည်းမျဉ်းအတိုင်း ကျင်းပနေသောကြောင့် ယခုနှစ်တွင်လည်း AFC စည်းမျဉ်းအတိုင်းကျင်းပမည်ဖြစ်သည်..ထို့ကြောင့် ဆီမီးဖိုင်းနယ်တတ်ရောက် အသင်းများအမှတ်တူနေပါက နှစ်သင်းထိပ်တိုက် တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဦးစားပေးဆုံဖြတ်သွားမည်ဖြစ်ပြီး သရေကျခဲ့ပါက ဂိုးကွာခြားချက် သွင်းဂိုး ပေးဂိုး တို့ဖြင့်ဆက်လက်ဆုံဖြတ်မည်ဖြစ်သည်...

ဂိုးကွားခြား တွင်လည်း တူညီပါက ပင်နတီကန်သွင်း၍ ဆုံဖြတ်မည်ဖြစ်ကြောင်း သိရသည်...မြန်မာ အသင်းသည် ယင်းစည်းမျဉ်းကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ တွင်
အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်... ယင်းပြိုင်ပွဲ
တွင် မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲ ၌ 
အင်ဒိုနီးရှား အသင်းကို သရေကျခဲ့ပါက ဆီမီးဖိုင်းနယ်တတ်ရောက်ခွင့်ရမည်ဖြစ်သော်လည်း ( ၀-၁ )ဂိုးဖြင့်မထင်မှတ်ဘဲ ရှုံးနိမ့်ပြီး အမှတ်တူသော်လည်း နှစ်သင်း တွေ့ဆုံမှုစည်းမျဉ်းဖြင့် ပြိုင်ပွဲ ထွက်ခွာခဲ့ရခြင်းဖြစ်သည်... ယင်းပြိုင်ပွဲ တွင် မြန်မာအသင်းကို ကိုင်တွယ်ခဲ့သည့် တောင်ကိုရီးယားလူမျိုးနည်းပြချုပ် ပတ်ဆောင်ဟွာ သည် ယင်းစည်းမျဉ်း ကို မသိကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သောကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ သည်... ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ကို သြဂုတ်လ ၁၄ ရက် မှ ၂၉ ရက် အထိကျင်းပမည့်ဖြစ်ပြီး အရှေ့တောင်အာရှ ( ၁၁ ) နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်.... အုပ်စု ခွဲဝေမှုအရ အုပ်စု ( က ) တွင် အိမ်ရှင်မလေးရှား
မြန်မာ ၊ စကာင်္ပူ ၊ လာအို ၊ ဘရူးနိုင် ၊ အုပ်စု ( ခ ) လက်ရှိချန်ပီယံ ထိုင်း ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ တီမော ၊ ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင် အသင်းတို့ ပါဝင်နေကြာင့် သိရသည် 

Daily Eleven Journal 

Comments

Popular Posts