အင်တာမီလန် ယူ-၁၈အသင်းနဲ့ခြေစမ်းပွဲကို MRTV Free To Air မှ တိုက်ရိုက်ပြသ မည်။
-----------------------------------------------------------
For Sport ရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ သိရပါတယ်။
အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ယှဉ်ပြိုင်ကစားဖို့ လေ့ကျင့်ပြင်ဆင်လျက်ရှိနေတဲ့ မြန်မာ ယူ-၁၈ အသင်းရဲ့ အင်တာမီလန် ယူ-၁၈ အသင်းနဲ့ ခြေစမ်းပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV Free To Air) ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသ ပေးသွားမယ်လို့ သိရပါတယ်။ မြန်မာ ယူ-၁၈ အသင်းအနေနဲ့၂၀၁၇ခုနှစ်အာဆီယံယူ၁၈ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားနိုင်ဖို့ လေ့ကျင့်ပြင်ဆင်လျက်ရှိရာ သြဂုတ်လ (၁၁)ရက်နဲ့ (၁၃)ရက်နေ့တွေမှာ အင်တာမီလန် ယူ-၁၈ အသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်က စားသွားမှာဖြစ်ပြီး အဆိုပါ ခြေစမ်းပွဲများကို မြန်မာ့ရုပ်မြင်သံကြား MRTV Free To Air ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွား မှာလည်း ဖြစ်ပါတယ်။ အခြား အခပေး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ For Sport ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသ ပေးသွား မယ်လို့ သိရပါတယ်။
ခြေစမ်းပွဲများကို ညနေ(၆)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ကွင်းအတွင်းလာရောက်အားပေးကြမယ့် ပရိသတ်တွေအတွက် ရိုးရိုး တန်း ၂၀၀၀ကျပ်၊ ၃၀၀၀ကျပ်နဲ့ အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြိုင်ပွဲမတိုင်မီ သြဂုတ်လ (၉)ရက်နေ့နဲ့ (၁၀)ရက်နေ့တွေမှာလည်း ပွဲကြို လက်မှတ်တွေကို လှည်းတန်းစင်တာ၊ အောင်ဆန်း ကွင်းနဲ့ သုဝဏ္ဏကွင်းတို့မှာ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။ အင်တာမီလန် ယူ-၁၈ အသင်းမှာ သြဂုတ်လ (၉)ရက်နေ့ ညနေပိုင်းတွင် အီတလီနိုင်ငံမှ ဒူဘိုင်း၊ ဒူဘိုင်းမှ တဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Credit Thanks To: Duwun Sports
____________________________________
https://www.facebook.com/profile.php?id=100016146270058

Myanmar U-18 Vs Inter Milan U-18
Live on- MRTV, FOR SPORTS
Comments