မြန်မာ ယူ၂၂ အသင်း ရုဆုကန်ဇိုင်းတက္ကသိုလ် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့
ဆီးဂိမ်းအကြို ခြေစမ်းပွဲမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မြန်မာ ယူ-၂၂ အသင်း
ဆီးဂိမ်း အကြို ခြေစမ်းပွဲအဖြစ် မြန်မာယူ -၂၂ အသင်းမှာ ဂျပန် တက္ကသိုလ်များ ချန်ပီယံ ရပ်စုကန်ဇိုင်းကလပ်အသင်းနဲ့ ယနေ့ ညနေ (၆)နာရီက သုဝဏ္ဏကွင်းမှာ ခြေစမ်းကစားခဲ့ရာ၎-၁ ဂိုးနဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။.ပြိုင်ဘက်အသင်းများ မြန်မာအသင်းရဲ့ခြေစွမ်းကို မလေ့လာနိုင်စေဖို့ အတွက် ရုပ်သံကနေ ထုတ်လွှင့်မပြသခဲ့သလို အခြားသော ဆိုရှယ်မီဒီယာတွေကနေလည်း ထုတ်လွှင့်မပြသစေခဲ့ပါဘူး။ယနေ့ ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြိုင်ဘက်အသင်းများ မြန်မာအသင်းရဲ့ခြေစွမ်းကို မလေ့လာနိုင်စေဖို့ အတွက် ရုပ်သံကနေ ထုတ်လွှင့်မပြသခဲ့သလို အခြားသော ဆိုရှယ်မီဒီယာတွေကနေလည်း ထုတ်လွှင့်မပြသစေခဲ့ပါဘူး။ ယနေ့ ပွဲမှာ ဂျပန် ကလပ်အသင်းအတွက် ဂိုးတွေကို ၈မိနစ်၊၉မိနစ်၊၁၃ မိနစ်နဲ့ ၄၂ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကိုမူ တိုက်စစ်မှူး အောင်ကောင်းမာန်က ၄၅ မိနစ်မှာ ပြန်လည်သွင်းယူပေးခဲ့လည်းဖြစ်ပါတယ်...ဒုတိယပိုင်းမှာတော့ ဂျပန် တက္ကသိုလ်ကလပ် ရပ်စုကန်ဇိုင်းအသင်းက ပွဲကို အနည်းငယ် ထိန်းကစားသွားခဲ့တာကြောင့် မြန်မာအသင်း ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုးတွေကိုတော့ ဆက်လက်သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ဒုတိယ ခြေစမ်းပွဲစဉ်ကိုတော့ သြဂုတ်လ ၂ ရက်နေ့ ညနေ ၆နာရီ မှာ ထပ်မံ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ အ ဆိုပါခြေစမ်းပွဲပြီးပါကခြေစမ်းပွဲထပ်မံကစားသွားတော့မှာမဟုတ်ပဲလေ့ကျင့်ပြင်ဆင်မှုတွေကိုသာထပ်မံပြုလုပ်သွားတော့မှာလည်း ဖြစ် ပါတယ်
Credit Thanks to: DuwunSports

မြန်မာ ယူ-၂၂ 1 - 4 ရုဆုကန်ဇိုင်းတက္ကသိုလ်
Comments