အင်တာမီလန်အသင်း နှင့်ခြေစမ်းပွဲအတွက် ဒေါ်လာနှစ်သိန်း ကုန်းကျမည်

• မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် သြဂုတ်ဒုတိယအပတ်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် အင်တာမီလန် U18 အသင်းနှင့်
ခြေစမ်းပွဲအတွက် ဒေါ်လာနှစ်သိန်း ကုန်းကျမည်ဖြစ်ကြောင်း သိရသည်
MFF သည် အင်တာမီလန်အသင်း၏ လာရောက်ဆွေးနွေးမှုကြောင့် ယင်းခြေစမ်းပွဲ ကစားခြင်းဖြစ်ပြီး လေယာဉ်လက်မှတ် နေထိုင်စားသောက်မှုများအပါအဝင် အခြားကိစ္စရပ်များ အား စီစဉ်ဆောင်ရွက်ပေးရမည်အပြင် နိုဗိုတယ်ဟိုတယ် ၌ တည်းခိုစေမည်ဖြစ်သည်
MFF သည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင် မည့်
မြန်မာ ယူ ၂၂ အသင်း နှင့် ယူ၁၈ အသင်းအတွက်ယင်းခြေစမ်းပွဲကျင်းပ ခြင်းဖြစ်ပြီး မြန်မာယူ၂၂ အသင်း နည်းပြချုပ်
ဂတ်ဖရိုင်းဒရစ် က ယှဉ်ပြိုင်ကစားရန် ငြင်းဆန်ထားသောကြောင့် သြဂုတ်လ ၁၁ ရက်တွင် ပထမ ခြေစမ်းပွဲ ကစားမည့်အသင်းကို
ပြန်လည်ရွေးချယ်မည်ဖြစ်သည် ယင်းခြေစမ်းပွဲ ကို သြဂုတ်လ ၁၁ ရက် နှင့် ၁၃ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး ဒုတိယ ခြေစမ်းပွဲ အဖြစ်
မြန်မာ ယူ၁၈ အသင်း နှင့် ကစားမည်ထြစ်သည်
မြန်မာ ယူ၂၂ အသင်း ငြင်းဆန်ထားသည့် ပထမ ခြေစမ်းပွဲ တွင် မြန်မာလက်ရွေးစင်အသင်း (သို့) ယူ၁၈ အသင်း
ဖြင့် ယှဉ်ပြိုင်ကစားရန် စီစဉ်လျက်ရှီသည်..
အင်တာမီလန် အသင်းသည် သြဂုတ်လ ၉ ရက်နေ့ ရန်ကုန်မြို့သို့ ရောက်ရှီမည်ဖြစ်သည်

Credit: Daily Eleven

https://www.facebook.com/profile.php?id=100016146270058

Comments

Popular Posts