စပိန် စူပါဖလား ကို သြဂုတ်လ ၁၃နဲ့၁၆ ရက်နေ့ နှစ်ကျော့ ကစားမည်
လာမယ့် သြဂုတ်လ ၁၃ နဲ့ ၁၆ ရက်နေ့ စစပိန်စူပါဖလား ကို နှစ်ကျော့ယှဉ်ပြိုင် ကစားမည်...
လာလီဂါချန်ပီယံ ရီးယဲယ်မက်ဒရစ်နဲ့ စပိန်ဘုရင့်ဖလားချန်ပီယံ ဘာစီလိုနာတို့ နှစ်သင်းကစားရမယ့် စပိန်စူပါဖလားပွဲကို လာမယ့် သြဂုတ် အတွင်းမှာ နှစ်ကျော့ ကစားကြမှာ ဖြစ်ပါတယ်။ ပထမပွဲကို ဘာစီလိုနာရဲ့ နူးကမ့်မှာ စတင်ကစားမှာ ဖြစ်ပြီး သြဂုတ်လ ၁၃ရက်နေ့၊ တနင်္ဂနွေနေ့မှာ ကစားမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲကိုတော့ ရီးယဲယ်ရဲ့ ဘာနေဗျူးကွင်းမှာ သြဂုတ်လ ၁၆ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကစားမှာ ဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ်က အနိုင်ရတဲ့ အသင်းက စူပါဖလား ချန်ပီယံ ဖြစ်မှာ ဖြစ်ပါတယ်။
Facebook: ဘောလုံး စတား https://www.facebook.com/profile.php?id=100016146270058

Comments