ဘာရိန်း vs မြန်မာ ပွဲကြိုသုံးသပ်ချက်
အင်္ဂါနေ့ ယနေ့ည ၁၀ နာရီ ၄၅ မိနစ်မှာ ကစားမယ့် ဘာရိန်း အသင်းနဲ့ မြန်မာ အသင်းတို့ ခြေစမ်းပွဲ အကြောင်း တင်ပြပေးသွားပါမယ်။
ဘာရိန်း
လာမယ့်နှစ် အာရှဖလား ၀င်ခွင့် တစ်နေရာ ရရှိထားခဲ့တဲ့ ဘာရိန်း အသင်း အနေနဲ့ ပြိုင်ပွဲ အကြို ခြေစမ်းပွဲ တွေကို ဆက်တိုက်နီးပါး ကစားလာခဲ့ပါတယ်။
ပင်လယ်ကွေ့ အခြေစိုက် နိုင်ငံ အသင်း တစ်သင်း ဖြစ်တဲ့ ဘာရိန်း အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ ဖိလစ်ပိုင် အသင်းကို တစ်ဖက် တစ်ဂိုး စီ သရေကျထားခဲ့ပြီး တရုတ် အသင်းကို ဂိုးမရှိ သရေကျထားခဲ့ကာ ဆီးရီးယား အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးထားခဲ့ပါတယ်။
ဘာရိန်း အသင်း အနေနဲ့ အဆိုပါ ပွဲစဉ် ၃ ပွဲစလုံးကို အိမ်ကွင်းမှာ ကစားခဲ့ရတာ ဖြစ်ပါတယ်။
ကနဦး အနေနဲ့ ဘာရိန်း အသင်းဟာ ပါလက်စတိုင်း အသင်းနဲ့ အိမ်ကွင်းမှာ ခြေစမ်းဖို့ ရှိပေမယ့် ယင်းပွဲစဉ် ပွဲပျက်သွားခဲ့ပြီး ဒီညမှာတော့ မြန်မာ အသင်းနဲ့ အိမ်ကွင်းမှာ ကစားရပါမယ်။
ဘာရိန်း အသင်းဟာ ကစားခဲ့သမျှ နောက်ဆုံး အိမ်ကွင်း ခြေစမ်းပွဲ ၈ ပွဲမှာ ပါလက်စတိုင်းနဲ့ ဆီးရီးယား ၂ သင်းကိုသာ ရှုံးထားပြီး ၆ ပွဲ အထိ သရေကျထားကာ နိုင်ပွဲတော့ မရထားတဲ့ အသင်း ဖြစ်ပါတယ်။
သရေ ၆ ပွဲမှာ ဂိုးမရှိ သရေ ၄ ပွဲ အထိ ရှိထား ပါတယ်။
မြန်မာ
မြန်မာ အသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲ ၃ ပွဲစလုံး ရှုံးထားခဲ့ပါတယ်။ တရုတ် အသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိ အပြင် အင်ဒိုနီးရှား အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိ၊ ဘိုလီဗီးယား အသင်း ကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ AFF ဆူဇူကီး ဖလား ပြိုင်ပွဲမှာ ဆီမီး ဖိုင်နယ် အထိ တက်ရောက်ထားနိုင်ခဲ့တဲ့ မြန်မာ အသင်း အနေနဲ့ ဂျာမန် နည်းပြ အန်တိုနီဟေး လက်ထက် လာမယ့် ယခုနှစ် ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိစေဖို့ အတွက် ခြေစမ်းပွဲတွေကို ဆက်တိုက် ကစားလာခဲ့ပေမယ့် ရလဒ်ပိုင်းအရတော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ဂျာမန် နည်းပြ အန်တိုနီဟေးရဲ့ နည်းစနစ်နဲ့ ကစားသမား စမ်းသပ်မှုတွေကြောင့် မြန်မာ အသင်းဟာ ပြီးခဲ့တဲ့ အာရှ အားကစား ပြိုင်ပွဲကလို ပုံစံကောင်း ပြသနိုင်ခဲ့ခြင်း မရှိ တော့သလို ရလဒ်ပိုင်းကလည်း ထင်သလောက် တက်မလာခဲ့တာ ဖြစ်ပါတယ်။
မြန်မာ အသင်းရဲ့ ကစားခဲ့သမျှ ပွဲစဉ်တွေကို ပြန်ကြည့်မယ် ဆိုရင် ပွဲအစ အထနှေးတတ်တဲ့ အကျင့်က ပြိုင်ဘက် အသင်းတွေကို အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။
အသင်း တိုက်စစ်ပိုင်းက ကစားသမားတွေရဲ့ အဆုံးသတ်မသေချာမှုကလည်း အသင်းကို ပိုပြီး ရုန်းကန်ရစေပါတယ်။
ဒီည ဘာရိန်း အသင်းနဲ့ အဝေးကွင်း ရလဒ်ကတော့ မြန်မာ အသင်း အတွက် ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကိုးကားချက်များနဲ့ ရွေးချယ်မှု
ဘာရိန်း အသင်းနဲ့ မြန်မာ အသင်းတို့ဟာ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်ရှိထားပြီး ၂ ကြိမ်စလုံး ဘာရိန်း အသင်းက အနိုင်ရထားခဲ့ပါတယ်။
၂၀၀၃ ခုနှစ်က ကစားခဲ့တဲ့ အာရှဖလား ခြေစစ်ပွဲမှာတော့ ဘာရိန်း အသင်းဟာ မြန်မာ အသင်းကို အဝေး ကွင်းမှာ ၃ ဂိုး ၁ ဂိုး၊ အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။
ဘာရိန်း အသင်းဟာ ကစားခဲ့သမျှ နောက်ဆုံး အိမ်ကွင်း ခြေစမ်းပွဲ ၈ ပွဲမှာ ပါလက်စတိုင်းနဲ့ ဆီးရီးယား ၂ သင်းကိုသာ ရှုံးထားပြီး ၆ ပွဲ အထိ သရေကျထားကာ နိုင်ပွဲတော့ မရထားတဲ့ အသင်း ဖြစ်ပါတယ်။
ဘာရိန်း အသင်းဟာ မြန်မာ အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံမှု ၂ ကြိမ်မှာ တိုက်စစ်က ၇ ဂိုး အထိ သွင်းယူထားခဲ့ ပါတယ်။
မြန်မာ အသင်းဟာ ကစားခဲ့သမျှ နောက်ဆုံး အဝေးကွင်း ခြေစမ်းပွဲ ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပြီး ဂိုးမသွင်း နိုင်ခဲ့တဲ့ ပွဲစဉ် ၄ ပွဲ အထိ ရှိထားခဲ့ပါတယ်။
မြန်မာ အသင်းရဲ့ ဒီည ပွဲကို MRTV နဲ့ MRTV SPORTS ကနေ ပြသမယ်လို့လည်း သိရပါတယ်။
ဒီည အတွက် မြန်မာ အသင်း သရေလောက် ကစားနိုင်ရင်ဘဲ မဆိုးဘူးလို့ ယူဆရပါတယ်။
Credit thanks to: 90 Plus One
MFOOTBALL SPORTS
Comments